Thursday, July 14, 2011

Does Myanmar needs more education centers or schools? (Burmese language)

Saturday, 26 March 2011 01:57 အယ်ဒီတာ့အာဘော်
ပညာရေးကွန်ယက်တွင် အဓိကကျသူများမှာ ကျောင်းဆရာဆရာမများ၊ ကျောင်းသားလူငယ်များနှင့် စာသင်ကျောင်းများပင်ဖြစ်သည်။ ကျောင်းရှိမှသာလျှင် ဆရာဆရာမများနှင့် ကျောင်းသားလူငယ်များ ရှိနိုင်ပါမည်။ သို့ဖြစ်ခြင်းကြေ...ာင့် စာသင်ကျောင်းများ ဖွင့်လှစ်ခွင့်မှာ
လွန်စွာ အရေးကြီးခြင်းပင်ဖြစ်မည်။ နိုင်ငံတော်ကို စာသင်ကျောင်းများဖြင့်သာ တည်ဆောက် ထားကြခြင်းဖြစ်သည်ဟူသော အဆိုကလည်းရှိနေပါသည်။ စာသင်ကျောင်းများ ဖွင့်လှစ်ခြင်းမည်သည် အခြေခံကျသည့် လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ လူငယ်အခွင့်အရေး တစ်ရပ်ပင်ဖြစ်သည်။ ပညာရေး လွတ်လပ်ခွင့်၊ စာသင်ကြားခွင့်တို့မှာ လူသား၏ မွေးရာပါ လိုအပ်ချက်နှင့် ရပိုင်ခွင့်ပင် မဟုတ်ပါလော။
မတ်လ ၂၅ ရက်၊ သောကြာနေ့တွင် ပဲခူးတိုင်း အရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့မှာ NLD အဖွဲ့၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သော စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာအခြေခံသင်တန်းကျောင်းကို ဒေသအာဏာပိုင် မ၀တနှင့် ရ၀တတို့က တားမြစ်နှောက်ယှက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်မှ အနာဂတ်အမြော်အမြင်ဖြင့် ပညာရေးကွန်ယက် လိုအပ်ချက်ကို အကြံပြုခဲ့သည့်နောက်တွင် ကိုယ်ထူကိုယ်ထ သင်တန်းကျောင်းကို ဖွင့်လှစ်ရန် ကြိုးစားခဲ့ခြင်းပင်ဖြစ်၏။ နွေရာသီကျောင်းအားလပ်ရက်များတွင
် လူငယ်များ အသိ၊ ဗဟုသုတ တိုးပွားစေမည့် လုပ်ဆောင်ချက်လည်းဖြစ်သည်။ ပညာသင်ကြားခွင့် ထွန်းကားစေမည့် တာဝန်ယူမှုလည်း ဖြစ်သည်။ စေတနာ့ဝန်ထမ်း ဆရာဆရာမများက ကျောင်းသားလူငယ် ၆၀ ဦးခန့်ကို စာသင်ကြားနေစဉ်တွင် ရ၀တ ဥက္ကဌဆိုသူက မ၀တ၏ အမိန့်အရ ကျောင်းကို ပိတ်ရန် လာပြောခဲ့သည်။ အများပြည်သူပိုင် ဓမ္မာရုံနေရာတွင် အများပြည်သူ၏ လိုအပ်ချက်တစ်ရပ်ကို လူထုက ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင် တာဝန်ယူမှုများဖြင့် ကိုယ်ထူကိုယ်ထ သင်တန်း ကျောင်းကလေး ဖွင့်လှစ်ခြင်းကို အားပေးကူညီရမည့်အစား အာဏာဖြင့် အတင်းအဓမ္မ တားမြစ် နှောက်ယှက်ခြင်းမှာ လွန်စွာ အကျည်းတန်လှပါ၏။
မြန်မာပြည်တွင်းရှိ မြို့ကြီး၊ မြို့ငယ်၊ ကျေးလက်တောရွာများနှင့် တိုင်းရင်းသားတို့၏ ဝေးလံလှသော တောင်ပေါ် အရပ်ဒေသများတွင် ကိုယ်ထူကိုယ်ထကျောင်းများ၊ သင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် ကလေးငယ်များ၏ ပညာရေးလိုအပ်ချက်ကွက်လပ်ကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ရပ်ရွာလူထုကဖြစ်စေ၊ ခေတ်ပညာတတ် လူငယ်များကဖြစ်စေ ဦးစီးဦးဆောင်ပြု၍ ကိုယ်တိုင် တာဝန်ယူနေကြသည်မှာ များစွာ ချီးကျူး ဖွယ်ရာလည်းဖြစ်သည်။ အများပြည်သူအတွက် ဒီမိုကရက်စိတ်ထားများကို ဤလူငယ်လေးများ မည်သို့ရရှိခဲ့ကြပါသနည်း။  ဤကဲ့သို့သော ကိုယ်ထူကိုယ်ထကျောင်းများ၊ သင်တန်းများမှာလည်း အာဏာပိုင် အဆင့်ဆင့်၏ အနှောက်အယှက်ပေးမှု၊ တားမြစ် ပိတ်ပင်မှုများကို မကြာခဏဆိုသလို ရင်ဆိုင်နေရသည်။
ကိုယ်ကျိုးစီးပွားကို အဓိကမထားဘဲ ကလေးငယ်များနှင့် လူငယ်ကျောင်းသားများ၏ ပညာမွတ်သိပ်မှုကို ဖြည့်ဆည်းပေးနေသည့် နေရာထိုထိုမှ ကိုယ်ထူကိုယ်ထ ကျောင်းကလေးများကို အားလုံးက ၀ိုင်းရံ ရမည်ဖြစ်သည်ဟု သုံးသပ်မိပါသည်။ အားပေးကူညီကြရမည်။ လိုအပ်ချက်များကို တနိုင်တပိုင် ဖြည့်ဆည်း ပေးရပါဦးမည်။ ထို့ပြင်တ၀ ရေရှည် တည်တံ့စေရန် စဉ်ဆက်မပြတ် သင်ကြားနိုင်ကြစေရန် နည်းလမ်းများကို ကူညီ ရှာဖွေပေးရပါမည်။
လတ်တလောတွင် ပိုမိုအရေးကြီးသည်မှာကား နေရာအနှံ့အပြားရှိ ကိုယ်ထူကိုယ်ထကျောင်းကလေးများကိ
ု နှောက်ယှက်တားမြစ်နေမှုများ လုံးဝ ရပ်တန့်ရမည်ဖြစ်သည်။ ကျောင်းတစ်ကျောင်း၊ သင်တန်းတစ်ခုကို ဖွင့်လှစ်ရသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပါချေ။ လူတိုင်း လုပ်ဆောင်နိုင်သည့် အလုပ်တစ်ခုလည်း မဟုတ်ပါ။ ဟန်ပြလုပ်၍လည်း မဖြစ်ပါ။ ပညာခေတ်တွင် စာသင်ကြားခွင့်၊ ကျောင်းတက်ခွင့်မှာ မရှိ၍ မဖြစ်ပါ။ အထူးသဖြင့် စေတနာစိတ်ထားဖြင့် မြန်မာ့ ပညာရေး ရှုခင်းကို တင့်တယ်စေရန် ကိုယ်ထူကိုယ်ထ ကြိုးစားအားထုတ် နေသူများအပေါ် အားလုံးကလည်း ၀ိုင်းဝန်း ကူညီပံ့ပိုး ပေးရပါလိမ့်မည်။

မောက္ခပညာရေး မဂ္ဂဇင်း
၂၆ မတ်လ ၂၀၁၁

No comments:

Post a Comment